သံတွဲက ဖြစ်ခဲ့တဲ့ အမျိုးသမီးတဦးနဲ့ ပတ်သက်ပြီး သံသယဖြစ်သူ လူတဦးကို အခု စတင်စစ်ဆေးနေပြီလို့ သမ္မတ ပြောခွင့်ရ၊ ပြန်ကြားရေး ဒု ၀န်ကြီး ဦးရဲထွဋ်က သူ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
"မနေ့ညက အမျိုးသမီးငယ် တစ်ဦးကို မတရားစော်ကားခံရကြောင်း တိုင်ကြားချက်နဲ့ပတ်သက်ပြီး သံတွဲမြို့နယ်ရဲစခန်းမှာ ပုဒ်မ ၃၇၆ ပြစ်မှု အမှတ် ပ- ၃၇/ ၂၀၁၃ နဲ့ အမှုဖွင့်အရေးယူဆောင်ရွက် နေပါ တယ်။ သံသယရှိသူတစ်ဦးကို ယနေ့မနက် ၇ နာရီ ၅၀ မိနစ်မှာ ခေါ်ယူစစ်ဆေးလျှက်ရှိပါတယ်။ " လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ဦးရဲထွဋ်က ဆက်ပြောတာကတော့ အမှုနဲ့ ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာစစ်ဆေးခြင်း၊ သက်သေ အထောက်အထားများ စုဆောင်း ခြင်းများကို ဥပဒေနဲ့ အညီ အဆင့်ဆင့်ဆောင်ရွက်ရကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့် ကောလာဟလများကို အခြေခံပြီး ဥပဒေနဲ့ မလျော်ညီပဲ တုံ့ပြန်ဆောင် ရွက်မှုတွေ မလုပ်ဖို့ လိုကြောင်း ပြောထားပါတယ်။
ဒီအပြင် အမှုမှန်ပေါ်ပေါက်ရေး ၀ိုင်းဝန်း ကူညီကြဖို့လည်း ကူညီဆောင်ရွက်ဖို့လည်း တိုက်တွန်း ထားပြီး ယနေ့ မနက် သံတွဲမြို့ အခြေအနေတည်ငြိမ်အေးချမ်းမှုရှိကြောင်းနဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတယ်လို့ သူက ဆိုပါတယ်။
အိမ့်သံစဉ် ~