Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

မြဝတီမှာ ဆန္ဒပြရင် ဝတ်ကြတဲ့ ဝတ်စုံ

$
0
0
 
နယ်စပ်မြို့ မြဝတီမှာ ဆန္ဒပြတာ၊ ဆန္ဒဖော်ထုတ်တာ မရှိသလောက်ပါပဲ။
ရှိရင်လည်း ပြောက်ကျားဝတ်စုံ ဝတ်ဆင်ပြီး ဆန္ဒပြကြတယ်လို့ ဆိုရမယ် ထင်ပါတယ်။


ဆန္ဒပြသည့်နေ့က မြ၀တီခရိုင်အာဏာပိုင်များနှင့် အခြေအတင် ပြောဆိုနေသည့် ကိုကျော်မြင့်ကို ပြောက်ကြားဝတ်စုံနှင့် တွေ့ရသည် (ဓာတ်ပုံ-ပြည်တော်မြင့်/ဧရာဝတီ)
ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ပြောက်ကျားဝတ်စုံ ဝတ်ဆင်သူ အများအပြားက မြ၀တီမြို့ကို ကား ၁၀ စီးနဲ့ လှည့်ပြီး ဆန္ဒပြပါတယ်။
သူတို့ရဲ့ တောင်းဆိုချက်ထဲမှာ လက်ပံတောင်းတောင် ဒေသ သံဃာများ အကြမ်းဖက်နှိမ်နှင်းမှုနဲ့ ပတ်သက်ပြီး အစိုးရက တောင်းပန်ပါ ဆိုတဲ့အချက် ပါပါတယ်။

အဲဒီသတင်းကို ဧရာဝတီ ဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။
 http://blog.irrawaddy.org/2012/12/dkba.htmlမှာ ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

ဧရာဝတီရုပ်သံ http://video.irrawaddy.org/2012/12/dkba-protest-to-stop-copper-mine.html မှာလည်း ကြည့်နိုင်ပါတယ်။

အဲဒီတုန်းက ပြောက်ကျား ဝတ်စုံတွေနဲ့တင် မကဘူး၊ သေနတ်ကြီးတွေ ကိုင်ပြီး ဆန္ဒပြပါတယ်။
တရားစွဲတယ်လို့ မကြားရပါ။

၇ လ အကြာမှာ မြ၀တီမှာပဲ ဆန္ဒပြပွဲတခု ထပ်ဖြစ်ပါတယ်။
အလုပ်သမားတွေဆန္ဒပြတာပါ။
ဆန္ဒပြမှုကိုဦးဆောင်ခဲ့တဲ့ “ဆွေဆွေစံ” ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ မန်နေဂျာ ကိုကျော်မြင့်(ခ)မိုက်ကယ်က ပြောက်ကြားဝတ်စုံ ဝတ်ထားပါတယ်။
အဲ .... သေနတ်တော့ ကိုင်မထားပါဘူး။

ကြာသပတေးနေ့က သူတို့ ဘာကြောင့် ဆန္ဒပြသလဲ ဆိုတဲ့ သတင်းကို http://blog.irrawaddy.org/2013/06/blog-post_29.htmlမှာ အသေးစိတ် ဖော်ပြပြီးပါပြီ။
နယ်စပ်ဖြတ်ပြီး ထိုင်းမှာ အလုပ်သွားလုပ်မယ့်သူတွေနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနမှာ  အဂတိလိုက်စားမှု ရှိနေတယ်လို့ ဆန္ဒပြသူတို့က ဆိုပါတယ်။


အခု နောက်ဆုံး ကြားရတဲ့ သတင်းကတော့  ကိုကျော်မြင့်ဟာ ခွင့်ပြုချက်တောင်းခံခြင်းမရှိဘဲ ဆန္ဒပြမှုနဲ့ တရားစွဲခံရမယ် ဆိုတာပါပဲ။

သူက  တရားရုံးက ဆင့်ခေါ်မယ့်အချိန်ကိုစောင့်နေတယ်၊  “ကျွန်တော်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး ရင်ဆိုင်ဖြေရှင်းသွားမယ်” လို့ ပြောပါတယ်။

ကြာသပတေးနေ့  ဆန္ဒပြပွဲကို ခရိုင်ရဲမှူးနှင့်မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လူစုခွဲစေခဲ့ပြီး ကိုကျော်မြင့်နဲ့ အလုပ်သမား တချို့ကိုခေါ်ယူ ဆွေးနွေးတယ်။
အလားတူလုပ်ရပ်မျိုး ထပ်မံ မပြုလုပ်ပါနဲ့ လို့လည်း အသိပေးပြောကြားခဲ့တယ်။ အခုတော့  သူ့ကို တရားစွဲမယ့် အစီအစဉ် ထွက်လာပါတယ် တဲ့။

မြဝတီမှာ ဆန္ဒပြရင် ဝတ်ကြတဲ့ ပြောက်ကျား ဝတ်စုံဟာ ကြံတိုင်းအောင်ဝတ်စုံ မဟုတ်ဘူးလို့ ဆိုရပါမယ်။

ကိုကျော်မြင့်တို့အမှု တရားရုံးရောက်မယ် မရောက်ဘူး ဆိုတာရယ်၊ ဘယ်လို အဆုံးသတ်မယ် ဆိုတာရယ်ကိုတော့ မသိရသေးပါဘူး။

ဆန္ဒပြသူတွေ အော်ချက်ထုတ်ခဲ့တဲ့အတွက်  အလုပ်သမားဝန်ကြီးဌာနအတွင်း ကိုင်တွယ်ပုံတချို့ စုံစမ်းစစ်ဆေးခံရတော့မယ်လို့ ယူဆရပါတယ်။

ဒီဇင်ဘာတုန်းက မြဝတီမှာ ဆန္ဒပြကြပုံ 


.


Viewing all articles
Browse latest Browse all 5236

Trending Articles