Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

Facebook ရဲ့ ၁၅ စက္ကန့် ရုပ်သံခြေလှမ်း

$
0
0

ကမ္ဘာ့ နံပါတ် (၁) ဆိုရှယ်ဝက်ဆိုဒ်ဖြစ်တဲ့ Facebook ဟာ တွစ်တာတို့လို သူ့ရန်ဘက်တွေကို အပြိုင်ကြဲဖို့အတွက် ခြေလှမ်းတလှမ်း ထပ်လှမ်းလိုက်ပြန်ပါပြီ။
အဲဒါကတော့ အရင်နှစ်က ဝယ်ယူထားတဲ့ Instagram မှာ ဗီဒီယို အတိုလေးတွေပါ တင်နိုင်၊ ရှယ်နိုင်တဲ့ အစီအစဉ်ကို အကောင်အထည်ဖော်လိုက်ခြင်းပါပဲ။ 

Instagram  ကို အသုံးပြုသူပေါင်းဟာ သန်း ၁၃ဝ ကျော်ဟာ  အခုချိန်ကစပြီးတော့ ၁၅ စက္ကန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်/ဗီဒီယိုဖိုင်လေးတွေ တင်နိုင်/ရှယ်နိုင်ပါပြီ။
ဒါဟာ တွစ်တာရဲ့ Vine Video  Platform ကို တိုက်ရိုက် စိန်ခေါ်လိုက်တာပါပဲ။

 Facebook ပိုင်ရှင် မက် ဇက်ကာဘတ် နဲ့  Instagram ပူးတွဲတည်ထောင်သူ ကေဗင် စစ်စထရွန် တို့က  ဒီအစီအစဉ်ကို ကာလီဖိုးနီးယား ရုံးချုပ်မှာ အတူတကွ ကြေညာခဲ့တာဖြစ်ပါတယ်။

Facebook ဟာ ၂ဝ၁၂ ဧပြီမှာ   Instagram ကို ဒေါ်လာသန်းတစ်ထောင်နဲ့ ဝယ်ယူခဲ့တာပါ။

Facebook က  ဒီလို ဝယ်ယူတဲ့သတင်း ဒီဘလော့ မှာ ဖော်ပြခဲ့ပြီးပါပြီ။ လင့်က    http://blog.irrawaddy.org/2012/04/facebook_10.htmlဖြစ်ပါတယ်။

 Instagram ဟာ သီးသန့် အနေဖြင့် ဆက်လက်ရပ်တည်နေပြီး လူကြိုက်များတဲ့ ဓာတ်ပုံ မီဒီယာ Application တခုဖြစ်ပါတယ်။
စမတ်ဖုန်း နဲ့  သင်ပုန်းကွန်ပြူတာတို့မှာပဲ ဓာတ်ပုံတွေကို ထူးခြားတဲ့ အရောင်အသွေးစုံအောင်   အချိန်တိုအတွင်းပြုပြင်နိုင်ပြီး မိတ်ဆွေ၊  သူငယ်ချင်းများနဲ့  ရှယ်နိုင်တာကြောင့် လူကြိုက်များလှတဲ့ Application  ပါပဲ။

Instragram ဟာ Facebook ရဲ့ မိုဘိုင်းကနေတဆင့်ရမယ့် ကြော်ငြာများအတွက် မဟာဗျုဟာ တခုဖြစ်ပြီး ကုမ္မဏီတွေကတဆင့် ကြော်ငြာခ အမြတ်အစွန်း အများအပြား ရရှိနေတဲ့  Application  ဖြစ်ပါတယ်။

အမေရိက မှာတော့ လူဦးရေ သန်းပေါင်း ၆ဝ ခန့်ဟာ ဗီဒီယို တွေကို သူတို့ ရဲ့ မိုဘိုင်းဖုန်းကနေ  တဆင့်ကြည့်ခဲ့ကြတယ်လို့ သိရပြီး ဒီအရေအတွက်ဟာ ယခုနှစ်မှာတော့ ၇၅ သန်းအထိ တိုးတက်လာနိုင်ကြောင်း  eMarketer က သုတေသန ပြုရှာဖွေ တွေ့ ရှိထားပါတယ်။
ဒီတော့ ... မိုဘိုင်းကြော်ငြာဈေးကွက်ကို အုပ်စိုးချင်နေတဲ့ Facebook ဟာ ခြေလှမ်းသွက်လျက်ရှိနေပါတယ်။

Facebook  နဲ့  Instagram  တို့ ဘာကြောင့် ဗီဒီယို အတိုလေးတွေကိုထည့်ဖို့ အရေးထားသလဲဆိုတာကို Forbes မဂ္ဂဇင်းက သုံးသပ်ထားတာက ဒီလိုပါ ...

ပထမ အချက်အနေနဲ့  ဗီဒီယိုတွေဟာ ဓာတ်ပုံတွေထက် လူအများရဲ့ အာရုံကို ဖမ်းစားနိုင်ပြီး ဇာတ်လမ်းတခုပမာ ဆွဲဆောင်နိုင်တာကြောင့် ကြေငြာထည့်သူအများအပြား ဟာ ဗီဒီယိုကြေငြာတွေကိုထည့်ဖို့ ပိုပြီး စိတ်ဝင်စားနိုင်တယ်၊

ဗီဒီယိုတွေဟာ မိုဘိုင်းဖုန်း၊  သမားရိုးကျကွန်ပြူတာ၊  သင်ပုန်းကွန်ပြူတာ ဘယ်မှာမဆို အလုပ်ကောင်းကောင်း လုပ်ဆောင်နိုင်တာကြောင့် ဗီဒီယို ကြေငြာဈေးကွက်အတွက် မျက်စိကျစရာပါ။

ဒါ့အပြင် လွယ်ကူတဲ့ ဗီဒီယို ဖန်တီးသူတွေ များပြားလာနိုင်တာကြောင့် ဈေးကွက်မှာ အသေးစားကုမ္မဏီလုပ်ငန်းတွေကို ပိုပြီး ဆွဲဆောင်လာနိုင်မှာပါလို့ ရှင်းပြသွားပါတယ်။

ကိုးကား။

http://www.forbes.com/sites/roberthof/2013/06/20/4-ways-video-on-instagram-could-supercharge-facebooks-advertising-growth/

http://in.reuters.com/article/2013/06/20/facebook-product-instagram-idINDEE95J0FL20130620



.


Viewing all articles
Browse latest Browse all 5236

Trending Articles