Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

ပဲရစ်ဟီလ်တန်ရဲ့ တွစ်တာမှာ Followers ၁၀ သန်းကျော်ရှိ

$
0
0
ကမ္ဘာကျော် အနုပညာရှင်လည်းဖြစ် သန်းကြွယ်မလေးလည်းဖြစ်တဲ့ ပဲရစ် ဟီလ်တန် ( Paris Hilton) ဟာ တွစ်တာလို့ ခေါ်တဲ့ လူမှု ကွန်ရက်အင်တာနက် ( Twitter ) ကို ထိပ်တန်း အသုံးပြုသူ တဦးပါ။ 


နာမည်ကြီးသူလည်းဖြစ်တာနဲ့အညီ ပဲရစ်ဟီလ်တန်ရဲ့ တွစ်တာမှာ Followers စုစုပေါင်း ၁၀ သန်းကျော် ရှိပါတယ်။ 

သူဟာ တွစ်တာမှာ အကြောင်းအရာပေါင်း ၁ သောင်းခွဲကို တွိ ( Tweet) လုပ်ခဲ့ပြီးဖြစ်သူ Following လုပ်ထားတာ ၅၁၃၁ ဦး ရှိပါတယ်။ 

သူဟာ ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ နေတတ်သူ ပီပီ သူ့ရဲ့ တွစ်တာမှာ သူ့ခံစားချက်စာစုလေးကို တင်လိုက် တာနဲ့ သူ့ပရိသတ်တွေကလည်း အဲဒီ စိတ်ခံစားမှု လေးအပေါ် အားပေးရင်း သတင်းတွေအဖြစ် ပေါ်ထွက် လာ တတ်ပါတယ်။ 

မြန်မာပြည်က နာမည်ကြီး အနုပညာရှင်တွေက တော့ တွစ်တာထက် ဖေ့စ်ဘုတ်ကို ပိုသုံးတာ သတိထား မိပါတယ်။ တွစ်တာဟာ မြန်မာနိုင်ငံမှာ သုံးစွဲသူ အလွန်နည်းနေသေးတယ်ဆိုတာလည်း ထင်ရှားပါတယ်။ 

ကမ္ဘာ့အနောက်ခြမ်း နိုင်ငံတွေက လူတွေကတော့ တွစ်တာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြပါတယ်။ 
လူမှုကွန်ရက် အင်တာနက်စာမျက်နှာတွေကို တချို့က အကျိုးရှိစွာ အသုံးချသလို တချို့က အကျိုးမဲ့ အသုံးချနေတာတွေလည်း သတိထားမိပါတယ်။ 


အိမ့်သံစဉ်~

Viewing all articles
Browse latest Browse all 5236

Trending Articles