Quantcast
Channel: The Irrawaddy's Blog
Viewing all articles
Browse latest Browse all 5236

အစိုးရ ရုပ်သံသတင်းကို မိုဘိုင်းဖုန်းကနေ ကြည့်နိုင်တော့မယ်

$
0
0
ဒီကနေ့ ဖြစ်ပျက်တာတွေကို နောက်နေ့ ဆိုရင် သိကြရပါပြီ။ ဘာကြောင့်လဲ။
ဒီနေ့ဖြစ်တာတွေကို နောက်နေ့သတင်းစာတွေမှာ ထည့်သွင်းကြလို့ပါပဲ။

သို့သော်လည်း မြန်မာအစိုးရက ဒီကနေ့ဖြစ်ရပ်တွေကို လူအများ သိစေဖို့ ဒီကနေ့ ထုတ်ပြန်မယ့် နည်းလမ်း/အစီအစဉ် ရှိနေပါပြီ။

ဒီအကြောင်း ပြန်ကြားရေးဒုဝန်ကြီးဦးရဲထွဋ်က ဒီမနက် ရန်ကုန်မြို့ ဆွေးနွေးပွဲတခုမှာ ပြောလိုက်တာပါ။

"လာမယ့် ဇူလိုင်လ ၁၅ ရက်နေ့က စပြီးတော့မှ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြား သတင်း အစီအစဉ်တွေကို မိုဘိုင်းဖုန်းတွေကနေ ကြည့်နိုင်အောင် လုပ်မယ်။ ရေဒီယိုအစီအစဉ်တွေကို မိုဘိုင်းဖုန်းတွေကနေ လုပ်မယ်"လို့ ဒုဝန်ကြီးက ပြောပါတယ်။

အဲ ... သူပြောသလို သတင်းဖြစ်ရပ်တွေ ချက်ချင်း သိနိုင်ဖို့ မိုဘိုင်းဖုန်းတော့ လိုပါမယ်။
မိုဘိုင်းဖုန်းလည်း လက်ရှိအရေအတွက်ထက် ပိုပြီး တိုးပွားလာမယ့် အလားအလာ ရှိနေပြီ ဆိုတော့ အစိုးရပြန်ကြားရေးဌာနရဲ့ ခြေလှမ်းတွေက အတော်ဟုတ်နေပြီလို့ ဆိုရပါမယ်။

အိုင်တီခေတ်မှာ အစိုးရပြန်ကြားရေးဌာနလည်း အိုင်တီနည်းနာတွေသုံးပြီး ဒီကနေ့ဖြစ်ရပ်ကို ဒီကနေ့ ထုတ်ပြန်ဖို့ လုပ်နေပြီလို့ နားလည်ရမယ် ထင်ပါတယ်။

"မနေ့ကဖြစ်တဲ့ဟာကို ဒီကနေ့ လာပြောနေလို့ မရတော့ဘူး" လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။

ကဲ ... အိုင်တီခေတ်မှာ အစိုးရသတင်းဌာနက မိုဘိုင်းဖုန်းသုံးသူတွေကို ပစ်မှတ်ထားလာပါပြီ။
မြန်မာ့အသံဟာ ခါတိုင်းလို လှေကြီးထိုးရိုးရိုးသတင်းဌာန မဟုတ်တော့ပါဘူး။

ငွေသုံးနိုင်တဲ့ သတင်းဌာနဆိုတော့ စိတ်သွားတိုင်း ကိုယ်ပါနိုင်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

(ဦးရဲထွဋ်က မြန်မာ့အသံရဲ့ အိုင်တီခြေလှမ်းအကြောင်း ပြောသွားတာကတော့
အမုန်းပွား ရေးသားမှုလျော့ပါးသွားရေးဆိုင်ရာ ဆွေးနွေးပွဲမှာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဆိုင်ရာ သတင်းကိုတော့   http://blog.irrawaddy.org/2013/06/blog-post_333.htmlနဲ့ http://www.irrawaddy.org/archives/38770တို့မှာ ဖတ်နိုင်ပါတယ်)



.


Viewing all articles
Browse latest Browse all 5236

Trending Articles